မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂ဝ၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဒုတိယအကြိမ် ကြံသီးနှံစိုက်ပျိုးထုတ် လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံသီးနှံစံပြကွက်များ သရုပ်ပြပွဲပြုလုပ်
စိုက်ပျိုးရေးဦးစီးဌာန၊ သကြားထွက်သီးနှံဌာနခွဲမှ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားခရိုင်၊ ပျဉ်းမနားမြို့နယ်၌ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ၂၀၂၂ စီမံကိန်းဖြင့် ဆောင်ရွက်သည့် ဒုတိယအကြိမ် ကြံသီးနှံစိုက်ပျိုးထုတ်လုပ်မှုနည်းပညာဆွေးနွေးပွဲနှင့် ကြံသီးနှံ စံပြကွက်များသရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျီးဖြူ ရိုးကျေးရွာ၊ တောင်သူ ဦးသိန်းရွှေ၊ ကွင်းအမှတ် ၁၇၀၉၊ ကြံစိုက်ဧက သုံးဧက၌ ကျင်းပပြုလုပ်ခဲ့သည်။