တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေးအေးမိုး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်းတို့က နိုဝင်ဘာ ၂၅ ရက်နေ့ မင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ထိ ၅၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးခဲ့ပြီးဖြစ်ကြောင်း သိရသည်။