တပ်ကုန်းမြို့၌ ဆိတ်မွေးတောင်သူများအား ရာဂီမုန်တိုင်းကြောင့် ရေနစ်သေဆုံးသွားသည့် ဆိတ်များအစား နိုင်ငံတော်မှ ဆိတ်များ ပြန်လည်ထောက်ပံ့ပေး

တပ်ကုန်း ဒီဇင်ဘာ ၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေနစ်သေဆုံးသွားသည့် ဆိတ်များအစား နိုင်ငံတော်မှ ဆိတ်များ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က အဆိုပါ ဆိတ်မွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ ဘစီ၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်ဝင်းထွန်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဌေးထိုက်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အနော်ရထာရပ်ကွက်‌ ဘုရင့်နောင်ရပ်ကွက်နှင့် မြဝတီရပ်ကွက်တို့မှ အုပ်ချုပ်ရေးမှူးများ တက်‌ရောက်ခဲ့သည်။

ထို့နောက် အနော်ရထာရပ်ကွက်တွင် ဆိတ်ပိုင်ရှင် ၆ ဦးအတွက် ဆိတ် ၁၈၈ ကောင်၊ ဘုရင့်နောင်ရပ်ကွက်တွင်  ဆိတ်ပိုင်ရှင် ၁ ဦးအတွက် ဆိတ် ၄၀ ကောင်၊ မြဝတီရပ်ကွက်တွင် ဆိတ်ပိုင်ရှင် ၂ ဦးအတွက် ဆိတ် ၅၇ ကောင် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

တင်စိုးလွင်