တပ်ကုန်း နိုဝင်ဘာ ၃၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံ စိုက်ရာသီတွင် ဒေသခံတောင်သူများ ပဲသီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးအတွက် မျိုးကောင်း၊ မျိုးသန့်များသုံးစွဲရေးနှင့် စိုက်စနစ်မှန်ကန်ရေး၊ သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲနိုင်ရေး၊ ပဲသီးနှံများစီးပွားဖြစ်စိုက်ပျိုးနိုင်ရေး၊ ပဲသီးနှံများအရည်အသွေးကောင်းရရှိရေး၊ အထွက်နှုန်းရရှိရေး၊ နည်းပညာရပ်များရယူသုံးစွဲနိုင်ရေးနှင့် ဈေးကွက်ဝင် ပဲသီးနှံများစိုက်ပျိုးကြရေး စည်းရုံးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
တပ်ကုန်းမြို့နယ်အတွင်း ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲသီးနှံများလျာထားစိုက်ပျိုးမှု အနေဖြင့် ပဲတီစိမ်း ၄၀၂၅ဧက၊ မတ်ပဲ ၁၅၇၅ဧက၊ ကုလားပဲ ၈၂၀ဧက၊ ပဲကြီး ၉၇၂၀ဧကနှင့် အခြာပဲ ၂၃၀ဧက၊ စုစုပေါင်း ၁၆၃၇၀ဧက လျာထားစိုက်ပျိုးလျက်ရှိသည့်အနက် ပဲကြီး ၄၈၀၉ ဧက၊ ပဲတီစိမ်း ၃၁၇၇ ဧက၊ မတ်ပဲနှင့်အခြားပဲ ၄၃၆ ဧက၊ စုစုပေါင်း ၈၄၂၂ဧက စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်း၊ ကျန်လျာထားဧကပြည့်မီရေး ဒေသခံတောင်သူများနှင့်ပူးပေါင်း၍ စိုက်ပျိုးမည်ဖြစ်ကြောင်း သိရသည်။
တင်စိုးလွင်