တပ်ကုန်းမြို့၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲ ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ဘဏ္ဍာရေးနှစ်အတွင်း ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာ၊ ဆပ်ပြာဆီနှင့် ခေါင်းလျှော်ရည်သင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၁၀ နာရီခွဲက လက်ပန်ကုန်းကျေးရွာ၊ ဒေါ်အုံးမြိုင် အိမ်ခြံဝင်း၊ ယာယီမဏ္ဍပ်၌ ကျင်းပခဲ့သည်။