ဥတ္တရသီရိ ဖေဖော်ဝါရီ ၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက “ရေချိုသယံဇာတများ ထိန်းသိမ်းရေး” အကြောင်းအရာခေါင်းစဥ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန္တာလှိုင်က “မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး”ခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းမျာ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ စုစုပေါင်း ၅၀ ဦးအား အသိပညာပေးဟောပြော ဆွေးနွေးခဲ့သည်။
ယင်းနောက် PM(2.5) အကြောင်းသိကောင်းစရာအသိပညာပေး Video Clip ကိုပြသပြီး မီးခိုးမြူငွေ့ညစ်ညမ်းမှုဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)