နေပြည်တော်ကောင်စီနယ်မြေ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ၊ “လောကအလင်း” စာကြည့်တိုက်နှင့် လယ်သာကျေးရွာ “သုခချမ်းသာ”စာကြည့်တိုက် အဆောက်အအုံသစ် ဖွင့်ပွဲအခမ်းအနား ကျင်းပ

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဖြုတ်ခွဲကျေးရွာ “လောကအလင်း” စာကြည့်တိုက်နှင့် လယ်သာကျေးရွာ၊ “သုခချမ်းသာ” စာကြည့်တိုက် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ဦးမင်းဦးနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စာရေးဆရာများ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ ဒေသခံပြည်သူများ တက်ရာက်ကြသည်။

လယ်ဝေးမြို့နယ်၊ သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်ဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင်အစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ အေလာအုပ်စု၊ သရက်တောဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်သံဃနာယကအဖွဲ့ဝင်ဆရာ‌တော်များ အနားယူခြင်းဆိုင်ရာ အစည်းအဝေးအခမ်းအနား ကျင်းပခဲ့သည်။

လယ်ဝေးမြို့နယ်အတွင်း ၂၀၂၄-၂၀၂၅ ပြည်ထောင်စုအ‌ထွေထွေပိုလျှံရန်ပုံငွေဖြင့် ကျေးလက်လမ်းလုပ်ငန်းများဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပြည်ထောင်စု အထွေထွေပိုလျှံရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးလက်လမ်းတည်ဆောက်ခြင်းလုပ်ငန်းခွင်များသို့ ယမန်နေ့ နံနက်ပိုင်းတွင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။

ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးမီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက် 

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ မြို့မဈေး၌ ဈေးမီးဘေးလုံခြုံရေးအတွက် ဟောပြောသရုပ်ပြသခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလား အမျိုးသားဘောလုံး အားကစားပြိုင်ပွဲတွင် ဘုရင့်နောင်ရပ်ကွက်အသင်းမှ ကစားသမားတစ်ဦး အကောင်းဆုံးဆုရရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားဘောလုံးအားကစားပြိုင်ပွဲကျင်းပ ယှဉ်ပြိုင်လျက်ရှိရာ ဘုရင့်နောင်ရပ်ကွက်အသင်းနှင့် မြဝတီရပ်ကွက်အသင်းတို့ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၃ နာရီခွဲက မြို့နယ်အားကစားကွင်းတွင်  ယှဉ်ပြိုင်ကစားခဲ့သည်။

ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် ကျေးလက်လမ်းလုပ်ငန်းများ ပြုပြင်ဆောင်ရွက်နေမှုအခြေအနေများအား ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဇေယျာသီရိမြို့နယ်အတွင်း သဘာဝဘေးကြောင့် ပျက်စီးဆုံးရှုံးသွားသည့် လမ်းများပြုပြင်တည်ဆောက်ခြင်း လုပ်ငန်းခွင်များသို့ ယနေ့မွန်းလွဲပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်တွင် ရာဂီမုန်တိုင်းအရှိန်ကြောင့် ဆုံးရှုံးပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်ပေးအပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် မကျီးပင်ကျေးရွာအုပ်စုအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ပျက်စီးခဲ့သည့် နွားများအစား နိုင်ငံတော်မှ ပြန်လည်အပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်စုတွင် ပိုင်ရှင်များထံ ပြန်လည်ပေးအပ်ခဲ့သည်။

ပျဉ်းမနားမြို့နယ်၌ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ခွာနာ၊ လျှာနာရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိသည်။

ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုး ရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ် သံဃနာယကအဖွဲ့ဝင် ဆရာတော်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်းဆိုင်ရာ မြို့နယ်သံဃာ့ဝန်ဆောင် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မင်းကုန်းကျေးရွာအုပ်စု၊ ကျွဲရှင်းကျေးရွာ၊ မဏိဇောတိကကျွဲရှင်း ကျောင်းတိုက်တွင် ကျင်းပရာ ဦးဆောင်ကွပ်ကဲရေးအဖွဲ့ဖြစ်သော နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးနှင့် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်များ၊ မြို့နယ်သံဃာ့ဝန်ဆောင် ဆရာ​တော်များ၊ နေပြည်တော် သာသနာရေးမှူးရုံးမှ ဒုတိယညွှန်ကြား‌ရေးမှူး ဦးသက်နိုင်ဝင်း၊ ခရိုင်သာသနာရေးမှူး ဦးနိုင်လင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ အဖွဲ့ဝင်(၂) ဦးမျိုးချစ်၊ မြို့နယ်သာသနာရေးမှူး ဒေါ်သွယ်သွယ်ခိုင်နှင့် တာဝန်ရှိသူများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ပျဉ်းမနားမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အမှတ်-၄ အခြေခံပညာအထက်တန်းကျောင်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနပျဉ်းမနားမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးသန်းထွန်းအောင်နှင့် ဝန်ထမ်းများက “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ