နေပြည်တော်ကောင်စီနယ်မြေ

မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်း ဆောင်ရွက်

ကျန်းမားရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ နေပြည်တော်တိုင်းရင်းဆေးရုံကြီးမှ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်းရုံး (ဗဟို)တွင် ကျင်းပပြုလုပ်သည့် မြန်မာ့တိုင်းရင်းဆေးသမားတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးကွင်းဆင်းဆေးကုသခြင်းကို ဆောင်ရွက်ခဲ့ရာ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီဥက္ကဋ္ဌ ဦးမြင့်ဦး၊ မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးသိန်းဝင်း၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာ အကြံပေးအဖွဲ့အဖွဲ့ဝင် ဦးစိုးဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်အေး၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ လာရောက်ပြသည့် ဒေသခံပြည်သူများအား တိုင်းရင်းဆေးဖြင့် ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် တိုင်းရင်းဆေးဝါးများ လက်ဆောင် ဝေငှခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ မြန်မာ့ရိုးရာသနပ်ခါးသဘင်ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကလေးသူငယ်များ၊   ဒေသခံပြည်သူများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ (၂)နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၇) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အဆိုပါ စေတီတော်မြတ်ကြီး၏ တောင်ဘက်ရှိတပေါင်းကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌ ရွှေဥဒေါင်းကျေးရွာတွင် စာကြည့်တိုက်အဆောက်အဦသစ် ၉၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရွှေဥဒေါင်းကျေးရွာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီမှ မတည်ငွေဖြင့် ဆောက်လုပ်ခဲ့သည့် စာကြည့်တိုက်အဆောက်အဦသစ်ကို သက်ဆိုင်ရာတာဝန်ရှိများက ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်းမင်္ဂလာအချိန်တွင် ပန္နက်တင်ပေးခဲ့ပြီး စတင်ဆောက်လုပ်ခဲ့ရာ ယနေ့နံနက်ပိုင်းထိ ၉၀ ရာခိုင်နှုန်း ဆောက်လုပ်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

တပ်ကုန်းမြို့နယ်၌  ဆည်ရေများဖြင့် နွေးစပါး ၁၀၁၇၉ ဧက လျာထားစိုက်ပျိုး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် ဆင်သေဆည်၊ မုန်ဆည်နှင့်ကင်းသာဆည်များမှ ယခုနှစ်နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရန် ၁၀၁၇၉ ဧကအတွက် စိုက်ပျိုးရေ ပေးဝေလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၏ သက်တော် (၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနား တက်ရောက်ကြည်ညို

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက သက်တော်ရှည်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တဇနိန္ဒ၏ သက်တော် (၉၃) နှစ်ပြည့် ဝိဇာတမွေးနေ့မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ပေါက်မြိုင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။

ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ​နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကိုယ်ရည်ကိုယ်​သွေးမြင့်မားလာ​စေရန်၊ မိမိဝါသနာပါရာဘာသာရပ်များကို စနစ်တကျ​လေ့လာနိုင်​စေရန်၊ ကျောင်းစာပြင်ပ အသိပညာ၊ အတတ်ပညာများတိုးပွားပြီး ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် အ‌ခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယနေ့နံနက်ပိုင်းက‌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

ဇေယျာသီရိမြို့နယ်၌ နေပြည်တော်အတွင်း အရေးပေါ်လူနာတင်ယာဉ်စနစ် (NPW EMS) စတင်အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြော

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ နေပြည်တော်အတွင်း အရေးပေါ်လူနာ တင်ယာဉ်စနစ် (NPW EMS) စတင်အသုံးပြုခြင်းနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to နေပြည်တော်ကောင်စီနယ်မြေ