လယ်ဝေးမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကျင်းပ

လယ်ဝေး မတ် ၈

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် မြန်မာ့ရိုးရာသနပ်ခါးသဘင်ကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူးဒေါ်ခင်မာဖြူက မြန်မာ့ရိုးရာသနပ်ခါးသဘင် ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်သူရက မြန်မာ့ရိုးရာသနပ်ခါးကို  မြန်မာ့ရိုးရာသနပ်ခါးအား လူသားမျိုးနွယ်ကိုယ်စားပြုဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတင်သွင်းရန် လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းများအား ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)က မြန်မာ့ရိုးရာသနပ်ခါးအကြောင်းရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြန်မာ့ရိုးရာသနပ်ခါးသဘင်သို့ တက်ရောက်လာသူများက သနပ်ခါးလိမ်းခြယ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးသန့်ထွန်း(ပြန်/ဆက်)