ဥတ္တရခရိုင် ပြည်သူ့စာကြည့်တိုက်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဖွင့်လှစ်သင်ကြား

ဥတ္တရသီရိ မတ် ၆

ပြည်‌ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ​နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ ကိုယ်ရည်ကိုယ်​သွေးမြင့်မားလာ​စေရန်၊ မိမိဝါသနာပါရာဘာသာရပ်များကို စနစ်တကျ​လေ့လာနိုင်​စေရန်၊ ကျောင်းစာပြင်ပ အသိပညာ၊ အတတ်ပညာများတိုးပွားပြီး ကာယဉာဏစွမ်းရည်များဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် အ‌ခြေခံပန်းချီရေးဆွဲနည်းသင်တန်းကိုယနေ့နံနက်ပိုင်းက‌ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်​‌ဆွေဆွေဝင်းက ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရေးနှင့် ထူးချွန်ထက်မြက်သော လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး သင်တန်းနည်းပြ ဒီဇိုင်နာ ချယ်ရီက သင်တန်းတွင် သင်ကြားပို့ချမည့် ဘာသာရပ်များနှင့်ပက်သက်၍ ရှင်းလင်းပြောကြားကာ စတင်သင်ကြားပေးခဲ့သည်။

အဆိုပါ အခြေခံပန်းချီ‌ရေးဆွဲနည်းသင်တန်းသို့ ကျောင်းသား၊ ကျောင်းသူ ၂၀ ဦး တက်​ရောက်ခဲ့ပြီး မတ်လ ၆ ရက်​နေ့မှ ၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)