ဥတ္တရသီရိ မတ် ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အတွက် အထောက်အကူဖြစ်စေရေးနှင့် မြန့်မာ့ရိုးရာသနပ်ခါးကို တန်ဖိုးထားမြတ်နိုးတတ်စေရေးအတွက် မြန်မာ့သနပ်ခါးသဘင်ကို ယနေ့မွန်းလွဲပိုင်းက ကျင်းပရာ ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံးအတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ကလေးသူငယ်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အဆိုပါ မြန်မာ့ရိုးရာသနပ်ခါးသဘင်တွင် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေဝင်းက မြန်မာ့သနပ်ခါးသဘင်ကျင်းပရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သနပ်ခါးလူးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)