ဦးစီးဌာန(ရုံးချုပ်)

ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ အသက်(၇၁)နှစ်နှင့်အထက် ဘိုးဘွားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ယနေ့ နံနက်ပိုင်းက ဘုတလင်မြို့၊ ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူ (၈၂၂) ဦး လာရောက်အပ်နှံ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများ၌ ယနေ့နံနက်ပိုင်းမှ စတင်၍ ကျောင်းအပ်နှံခြင်းကို ကျောင်းများ အလိုက် လက်ခံ ဆောင်ရွက်ပေး လျက်ရှိပြီး မေလ(၂၄)ရက်နေ့မှ (၃၁)ရက်နေ့အထိ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများ ကျောင်းအပ်နှံရေးသီတင်းပတ်စတင်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာနှစ် “ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပုလောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကုသရေး အဆောင်များပြင်ဆင်

ကမ္ဘာ့နိုင်ငံတစ်ချို့နှင့် အိမ်နီးချင်းနိုင်ငံ တစ်ချို့တွင် ကိုဗစ်-၁၉ရောဂ ဖြစ်ပွားမှုနှုန်းများ ပြန်လည် မြှင့်တင့်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ပုလောမြို့ မကျည်းကုန်းခန်းမ၌ ကိုဗစ်-၁၉ရောဂါကုသရေး အဆောင်များကို ပြန်လည် ပြင်ဆင်ခဲ့ကြောင်း သိရသည်။

ချောင်းဆုံတွင် (၂၀၂၁)ခုနှစ်နွေရာသီအခြေခံအားကစားသင်တန်း သင်တန်းဆင်းပွဲကျင်းပ

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်လူရွယ်များအားလပ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန် ပြည်သူများအားကစားကို လေ့လာလိုက်စားစေခြင်းဖြင့် ကျန်းမာ ကြံ့ခိုင်မှုရရှိစေရန်၊ မျိုးဆက်သစ်အားကစားသမားပေါ်ထွက်လာစေရန်အတွက် ရည်ရွယ်၍ မြို့နယ် အား/ကာကော်မတီမှကြီးမှူးပြီး နွေရာသီအခြေခံအားကစားသင်တန်း၊ သင်တန်းဆင်းပွဲကို မေ ၂၁ရက် နံနက်(၁၀)နာရီက ချောင်းဆုံမြို့နယ်အားကစားရုံတွင် ကျင်းပပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ မြို့နယ်အား/ကာကော်မတီဝင်များနှင့် သင်တန်းသား/သူများတက်ရောက်ခဲ့ကြသည်။

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ အောင်မြင်စွာ ကျင်းပဆောင်ရွက် နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ၂၀၂၁ ခုနှစ်၊ အစိုးရဓမ္မစရိယ စာမေးပွဲနှင့် ပါဠိပထမပြန် စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ကယားပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးစန်းဝေနှင့် ဦးစီးကော်မတီဝင်များနှင့် ဆပ်ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

ဧရာဝတီကမ်းပြိုကာကွယ်ရေးလုပ်ငန်းဆောင်ရွက်မှုများအားကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ လက္ကပင်ကျေးရွာရှိ ဧရာဝတီမြစ် ကမ်းပြိုကာကွယ်ရေး လုပ်ငန်းဆောင်ရွက်မှုလုပ်ငန်းများအား မြို့နယ် အုပ်ချုပ်ရေးမှုး ဦးရဲကိုကိုနှင့်သက်ဆိုင်ရာတာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်းသိရှိရသည်။

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ရေးမြို့နယ်၊ ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်းတမံတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ ကောင်စီဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများတို့သည် ယနေ့နံနက် ၇ နာရီခွဲက ရေးမြို့နယ် ရေး-ထားဝယ်ကားလမ်းတံတားအနီး ရေးမြစ်အနီး ကမ်းပြိုကာကွယ်ရေးလုပ်ငန်း Gabion Box ကျောက်စီမြေထိန်း တမံတည်ဆောက်နေမှုအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။

သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ်၊မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်း ကျော်ပျိုးထောင်ထားရှိ

ရခိုင်ပြည်နယ်၊သံတွဲခရိုင်၊သံတွဲမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၁-ခုနှစ်မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်စေရေး ၊ သဘာဝတောများကောင်းမွန်စေရေး နှင့်သစ်တောပြုန်းတီး မှုကြောင့်ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့်ရာသီဥတုအပူဒဏ်ကာကွယ် နိုင်ရေးအတွက် စိုက်ပျိုး ရန် ပျိုးပင်ပေါင်းတစ်သိန်းကျော်ပျိုးထောင်ထားရှိကြောင်းသိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)