ဦးစီးဌာန(ရုံးချုပ်)

ပုဗ္ဗသီရိမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး အမိုးလန်ပျက်စီး၍ နေအိမ်(၃)လုံး ပြိုလဲ ပျက်စီး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်တွင် ယနေ့ညပိုင်းအချိန်က မိုးသည်းထန်စွာ ရွာသွန်းပြီးလေပြင်းများ တိုက်ခတ်မှုကြောင့် နေအိမ်(၄)လုံး အမိုးလန် ပျက်စီးပြီး၊‌ ‌နေအိမ်(၃)လုံးပြိုလဲပျက်စီးခဲ့ကြောင်းသိရသည်။

ဥတ္တရသီရိ မြို့နယ်အတွင်းရှိ အသက် ၁၅ နှစ်မှ ၁၈နှစ်ကြား သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ ကျောင်းတိုက်ရှိ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား သံဃာတော်များ၊ သီလရှင်များအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး(Sinovac)ကို ယမန်နေ့မှ စတင်၍ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက ငန်းစပ်ကျေးရွာရှိ ရာဇဓာနီသာမဏေကျော် ကျောင်းတိုက်ရှိ သံဃာတော်များအား ထိုးနှံပေးခဲ့သည်။

မော်လမြိုင်မြို့ မဟာမြိုင်ပရိယတ္တိ စာသင်တိုက်ရှိ ရဟန်းသံဃာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုအား ပြည်နယ်၀န်ကြီးချုပ် ကြည့်ရှုအားပေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မဟာမြိုင် ပရိယတ္တိစာသင်တိုက်၌ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် ကျန်မာရေး ဦးစီးဌာနမှ ဝန်ထမ်းများက နှစ်ဆန်း တစ်ရက်နေ့ ယမန်‌နေ့နံနက် ၉ နာရီမှစတင်၍ မဟာမြိုင်ပရိယတ္တိ စာသင်တိုက် ဘုန်းတော်ကြီး ကျောင်းများသို့ သွားရောက်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိရာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းများမှ လုပ်အားရှင်များအား ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်၊ နောင်ချိုမြိုနယ်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများမှ လုပ်အားရှင်များအားပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့် အခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲ အချိန်က နောင်ချိုမြို့နယ်အတွင်းရှိ စိုက်ပျိုးမွေးမြူ ရေးနှင့် အသက်မွေးမှုအတတ်သင်စခန်းများ၌ ကျင်းပပြုလုပ်ခဲ့သည်။

မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ပြည်သူ လူထုအား အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေး အတွက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန နှင့်အတူ ပြည်သူလူထု ပူးပေါင်း ပါဝင် ဆောင်ရွက်နိုင်ရေးအတွက် အသိပညာပေး ဟောပြောဆောင်ရွက်မှုကို မြောက်ဦးမြို့နယ်၊ ရွာဟောင်းတောကျေးရွာနှင့် ဘုရားအုပ်ကျေးရွာ မူလတန်း(လွန်)ကျောင်းများ၌ ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါအခြေအနေ၊ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး၊ နေကြာသီးနှံ၊ မိုးကြိုဝါမျိုးစေ့များပေးအပ်ပွဲနှင့် နေကြာစိုက်ပျိုးထုတ်လုပ်မှုပြပွဲ အခမ်းအနားတက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ရွေးကောက်ပွဲအတွက် မဲစာရင်းများပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီလ(၇)ရက်နေ့ နံနက်(၉) နာရီအချိန်တွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဆင့်မြင့် ပညာဦးစီးဌာနမှ ကျောင်းအုပ်ကြီးများ တက်ရောက်ကြသည်။

ပြင်စလူမြို့၌ Book Club အဖွင့်ဝင်များနှင့် လက်တစ်ကမ်းမှ ရွှေနည်းလမ်းများစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင် Book Club အဖွဲ့ဝင်များက လက်တစ်ကမ်းမှ ရွှေနည်းလမ်းများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၁နာရီအချိန်က ပြင်စလူမြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်း မ၌ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(ရုံးချုပ်)