သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်နေအိမ်ပြို(၁၁)အိမ်၊ အမိုးအကာလန် (၁၁)အိမ်ထောင်စုတို့အားထောက်ပံ့ရေးပစ္စည်းများပေးအပ်
သာပေါင်းမြို့နယ်၊ ခတ္ထိယကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာ၊ ထန်းတပင်ကျေးရွာအုပ်စု၊ သံပရာချောင်ကျေးရွာ၊ ကညင်ပင်ကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာ၊ ကျီးပင်ကျေးရွာအုပ်စု၊ ကျီးပင်ကျေးရွာ၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာဒါးက ညောင်ကုန်းကျေးရွာ အုပ်စု များတွင် ဧပြီလ ၈/၉ ရက်နေ့များ၌ အားကောင်းသောမုန်တိုင်း၏ မိုးသက်လေပြင်း တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပြိုကျပျက်စီး(၁၁)လုံး၊ နေအိမ်အမိုးလန်(၁၁)လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် ယမန် နံနက် ၁၀ နာရီအချိန်တွင် ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများကို ပျက်စီးဆုံးရှုံးခံရသူများ၏ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ပေးအပ်ခဲ့ကြသည်။