လှည်းကူး ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာကို သင်ယူခွင့်ရရှိနိုင်ရေးနှင့် ကျန်းမာပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိသော အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအခြေပြု ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၁၀နာရီက စာဘူးတောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းနှင့် ကမ်းနီကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတို့တွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းအား သတ်မှတ်ဆေးထိုးစုရပ် ကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးအဖွဲ့များမှ ကာကွယ်ဆေး ထိုးနှံပေးရာတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ ကာကွယ်ဆေးထိုးနှံရာတွင် ကျောင်းသား/ကျောင်းသူ (၄၀၀)ဦး ထိုနှံပေးခဲ့ပြီး ကျန်ရှိနေသော ကျောင်းများကိုလည်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရှိရသည်။
အေးအေးနွဲ့(ပြန်/ဆက်)