ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူဆောင်ရွက်နေမှုအား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကြည့်ရှုအားပေး
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဟိုပန်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းများနှင့်မိသားစုဝင်များအား ကိုယ်ရေးအချက်အလက် (Biographic) နှင့် ဇီဝဆိုင်ရာအချက်အလက် (Biometric) များ ကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ရုံးတွင် ပြုလုပ်ဆောင်ရွက်ခဲ့သည်။