အင်္ဂပူ ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ သုံးကွင်းဆိုင်ကျေးရွာ၊ အခြေခံပညာ အထက်တန်းကျောင်း၊ သုံးကွင်းဆိုင်ကျောင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာဟောပြောပွဲနှင့် လူငယ်စကားဝိုင်းတို့ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် အ.ထ.က( သုံးကွင်းဆိုင်) ကျောင်းအုပ်ကြီး(ကိုယ်စား) တာဝန်ခံဆရာမ ဒေါ်မြင့်မော်စိုးက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်က လူငယ်ရေးရာဟောပြောပွဲနှင့်လူငယ်စကားဝိုင်းများ ကျင်းပရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်စကားဝိုင်းကျင်းပခဲ့ရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီသီရှိန်နှင့်အတူ Grade-11 မှ မောင်ကျော်ဝေယံထက်က လူငယ်နှင့်အားကစား၊ Grade-11 မှ မောင်ရာဇာကျော်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်အောင်မင်းက လူငယ်နှင့်ပညာရေး၊ Grade-11 မှ မချိုချိုခိုင်က လူငယ်နှင့်မီဒီယာ ၊ Grade-10 မှ မပန်းအိခိုင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ Grade-10 မှ မပန်းအိမွှေးက လူငယ်နှင့်အင်တာနက် စသည့်ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင်ပါဝင် ဆွေးနွေးကြသည့်ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်များပြသပေးခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)