ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်းရှိ မိုးအံ့ခန်းမဆောင်တွင် ကျောင်းသားလူငယ်များ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။