နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ပုဗ္ဗသီရိမြို့နယ်၌ မိုးစပါးစံပြကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေး
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာ၌ ထိုင်းနှံကောက် မိုးစပါးစံပြကွက်ရိတ်သိမ်းပွဲကို ယမန်နေ့က ကွင်းအမှတ် ၁၆၂၃ (ခ) ၊ တောင်သူ ဦးမင်းမင်း၏ စံပြကွက်စိုက်ခင်း သုံးဧက၌ ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး တက်ရောက်ကြည့်ရှုအားပေးခဲ့သည်။