ဒေါပုံ ဧပြီ ၂၉
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီက နွယ်အေးရပ်ကွက်၊ သဲကွင်းဓမ္မာရုံ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဒေါပုံမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်သည်။
ထို့သို့ ဆောင်ရွက်ရာတွင် နွယ်အေးရပ်ကွက်အတွင်းရှိ အသက် (၁၀) နှစ်ပြည့်ပြီးသူများနှင့် အသက် (၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစီစစ်ရေးကတ် ထုတ်ပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ အထောက်အထားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးကာ တာဝန်ရှိသူများက ဆောင်ရွက်ခြင်းနှင့် Biometric ကောက်ယူ၍ Unique TD နံပါတ်များ ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြပါသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ဗိုလ်တထောင်ခရိုင် လဝက ခရိုင်ဦးစီးမှူး ဒေါ်တင်မိုးမိုးအေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးထူးထက်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသက်ခိုင်တို့က လာရောက်ကာ လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)