ဟင်္သာတ ဧပြီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် တလုတ္ထော်ကျေးရွာအုပ်စု ကွင်းအမှတ် (၁၂၆၅) ၊ ဦးပိုင် (၁၆၆) တောင်သူဦးညွန့်ဝင်းလိူင်၏ လယ်မြေ (၁၅) ဧကတွင် ၂၀၂၆-၂၀၂၇ ခုနှစ် မိုးစပါးရာသီ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အဆိုပါနေရာတွင် ကျင်းပခဲ့သည်။
အဆိုပါ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲနှင့် စုပေါင်းကြဲပက်ပွဲ အခမ်းအနားသို့ ဟင်္သာတခရိုင် စိုက်တိုးမြှင့်အဖွဲ့အတွင်းရေးမှူး ဒေါ်လှကြည်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း အတွင်းရေးမှူး ဦးစောဝင်းရွှေနှင့် ခရိုင်/မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ပြီး သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) စုပေါင်းကြဲပက်ပွဲ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)