ပေါင်မြို့နယ် ရင်းငြိမ်‌တောင်ကျေးရွာ၌ အသင်းသားတောင်သူ၏ နွေစပါးရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှု

ပေါင် ဧပြီ ၂၉

မွန်ပြည်နယ်၊ပေါင်မြို့နယ် ရင်းငြိမ်တောင်‌ကျေးရွာ ရွှေချမ်းသာစိုက်/ထွေသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးဇော်နိုင်ဦး၏ လယ်ယာ‌မြေတွင် နွေစပါးရိတ်သိမ်းနေမှုအား မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်သင်းသင်းယုနှင့်ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

ထိုသို့ကြည့်ရှုရာတွင် ပေါင်မြို့နယ် ရင်းငြိမ်တောင်ကျေးရွာ ရွှေချမ်းသာစိုက်/ ထွေသမဝါယမအသင်းမှ နွေစပါးရိတ်သိမ်းနေသည့် အသင်းသား ဦး‌ဇော်နိုင်ဦး၏ လယ်ယာ‌မြေတွင် ရွှေသွယ်ရင်မျိုးစပါး စိုက်ကွက်အားရိုတ်သိမ်းဆောင်ရွက်ခဲ့ရာ တစ်ဧက အထွက်နှုန်း (၁၁၁) တင်း ထွက်ရှိခဲ့သည်။

ပေါင်မြို့နယ် သမဝါယမဦးစီးဌာနအနေဖြင့် နွေစပါးရိတ်သိမ်းချိန် အလေအလွင့်မရှိစေရေး၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်စေရန် အချိန်မီရိတ်သိမ်းနိုင်ရေး၊ လုပ်ငန်းများစနစ်တကျ အကောင်အထည်ဖော်နိုင်ရေး စသည့်လိုအပ်ချက်များအား ကွင်းဆင်းကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မွန်မလေး (ပြန်/ဆက်)