အမြို့မြို့အနယ်နယ်သတင်းများ

ရွှေတောင်မြို့နယ်တွင် အ.ထ.က(ရွှေတောင်)ကျောင်း၏ (၅၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြန်မာတို့၏ ဓလေ့ထုံးတမ်းပွဲတော်များအနက် သီတင်းကျွတ်လပြည့်ကျော်(၁)ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အတွင်း နှစ်စဥ်လှည့်လည်ကျင်းပလေ့ရှိသည့် ကထိန်ပွဲတော်ကြီးကို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ယမန်နေ့နံနက်(၈)နာရီအချိန်က အ.ထ.က (ရွှေတောင်)ကျောင်းမှ (၅၉) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

နည်းပညာတက္ကသိုလ်(မှော်ဘီ)၌ Project Show (2025) & Job Fair ဖွင့်ပွဲ အခမ်းအနား ကျင်းပ

Project Show (2025) & Job Fair ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နည်းပညာတက္ကသိုလ်(မှော်ဘီ)တွင်ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်၊ မြန်မာနိုင်ငံဗိသုကာကောင်စီ၊ မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းနှင့် ပညာရပ်ဆိုင်ရာအဖွဲ့စည်းများ၊ ပညာရှင်များ၊ နည်းပညာတက္ကသိုလ်(မှော်ဘီ)မှ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စိတ်ပါဝင်စားသူများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

ကရင်ပြည်နယ်အတွင်းနယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိ

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကရင်ပြည်နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စု ရန်ပုံငွေကျပ် ၂၄၈၅ ဒသမ ၈၉၆ သန်းဖြင့် မြေလမ်း ၂/၆ မိုင်၊ အမာခံလမ်း ၆/၀ မိုင်၊ ကျောက်လမ်း ၂/၀ မိုင်၊ ကွန်ကရစ်လမ်း ၁/၄ မိုင်၊ ကတ္တရာထပ်ပိုးလွှာလမ်း ၁/၄ မိုင်၊ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၁၅ စင်း၊ ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်းနှစ်ခု၊ ရေစင်လုပ်ငန်းတစ်ခု၊ ကျောက်ကြီးစီလုပ်ငန်းတစ်ခုတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှသိရသည်။

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကချင်ပြည်နယ်တရားလွှတ်တော် အဆောက်အအုံ ပန္နက်တော်တင်အခမ်းအနား တက်ရောက်

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် ကွင်းအမှတ်-၄/ယောရင်ကွင်း၊ ဦးပိုင်အမှတ် ၃၅ /၂င၊ ၃၅ /၂စရှိ ကချင်ပြည်နယ်တရားလွှတ်တော်အဆောက်အအုံသစ်ပန္နက်တော်တင်တွင်းတော်ဝန်းမင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၃၀ ရက် နံနက် ၉ နာရီကကျင်းပရာ ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး တက်ရောက်သည်။

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကျင်းပ

ကယားပြည်နယ်အတွင်း ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၅)ကို ယနေ့နံနက်က ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ပြည်နယ်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများမှ ရွေးကောက်ပွဲအရာရှိများနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် နေ့လွှတ်အရုပ်ပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

ရှမ်းပြည်နယ် တောင်ကြီးမြို့ အဝေယာကုန်းသာယာ မီးပုံးပျံကွင်းကြီးအတွင်း၌ ကျင်းပလျက်ရှိသည့် ၂၀၂၅ ခုနှစ် တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲနေ့လွှတ်အရုပ်ပြိုင်ပွဲကို ယနေ့ နေ့လည်ပိုင်းတွင် ဆက်လက်လွှတ်တင် ယှဉ်ပြိုင်လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် စစ်ကိုင်းတောင်ရိုးရှိ ငလျင်ဒဏ်သင့်ဘုရားစေတီပုထိုးများ ပြုပြင်မွမ်းမံနေမှုကြည့်ရှု၊ အထွေထွေရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စစ်ကိုင်းခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများသည် ငလျင်လှုပ်ခတ်မှုကြောင့်ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်းမြို့စူဠာမဏီကောင်းမှုတော်စေတီတော်မြတ်ကြီးသို့ အောက်တိုဘာ ၃၀ ရက် နံနက်ပိုင်းတွင်ရောက်ရှိရာ စေတီတော်ကြီးလုံးတော်ပြည့် ပြန်လည်ပြုပြင်နေမှု၊ စေတီတော်ကြီးရင်ပြင်ရှိ သာသနိကအဆောက်အအုံများ ပြန်လည်ပြုပြင်မွန်းမံနေမှု၊ စေတီတော်ကြီးရင်ပြင်တော်အား နေပူခံကျောက်ပြားများ ခင်းကျင်းရန်ပြုပြင်နေမှု၊ စေတီတော်ကြီးတောင်ဘက်မုခ်အာရုံခံတန်ဆောင်း ပြန်လည်ပြုပြင်နေမှုများအားလိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကိုတာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။    

မြစ်ကြီးနားမြို့၌ ပဥ္စမအကြိမ်မြောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော် ဆက်လက်ကျင်းပ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် ပဉ္စမအကြိမ်မြောက်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း ဒူဝါခန်းမ၌ ကျင်းပသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် စုပေါင်းမဟာဘုံကထိန်အလှူတော်၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပမည့် စုပေါင်းမဟာဘုံကထိန် အလှူတော်မင်္ဂလာအခမ်းအနား၊ ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲ အခမ်းအနားများကျင်းပနိုင်ရေး(၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ဥတ္တရခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ