အမြို့မြို့အနယ်နယ်သတင်းများ

ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်၌ ဘုရားဖူးရင်းပွဲဈေးလည်ပတ်ကြသူများ အထူးစည်ကား

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ လေးဆူဓာတ်ပျော်ရွှေဆံတော်စေတီတော်မြတ်ကြီး၏ ၂၆၁၄ နှစ်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ကို အောက်တိုဘာ ၂၈ရက်က စတင်ကျင်းပလျက်ရှိရာ စေတီတော်ရင်ပြင်နှင့် ပွဲဈေးတန်းများတစ်လျှောက်တွင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးရင်းပွဲဈေးလာ‌ရောက်လည်ပတ်ကြသူများဖြင့် အထူးစည်ကားလျက်ရှိသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ တက်ရောက်

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပပြုလုပ်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ အမှတ် (၁၂) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့်ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ယမန်နေ့၊ နံနက် ၉ နာရီအချိန်က အများပြည်သူစားသုံးမှု ဘေးကင်းလုံခြုံစေရေး အသားစစ်ဆေးခြင်း၊ တိရစ္ဆာန်ကူးစက်ရောဂါ စူးစမ်းထောက်လှမ်းခြင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်အတွင်း မွေးမြူရေးလုပ်ငန်းများ ပိုမိုဖြစ်ထွန်းအောင်မြင်စေရန်အတွက် ယနေ့နံနက် ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများသို့သွားရောက်၍ တောင်သူများ၏ မွေးမြူထားသည့် ကျွဲ၊ နွားနှင့် ဆိတ်များအား ခွာနာလျှာနာရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစုံဧက နှစ်သောင်းခွဲကျော်အထိ စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် သီးနှံစိုက်ပျိုးစွမ်းအား မြင့်မားတိုးတက်စေရန်၊ စားရေရိက္ခာဖူလုံစေရန်နှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန်အတွက် ရည်ရွယ်၍ တစ်မြို့နယ်လုံးဆောင်းသီးနှံစုံဧက တစ်သိန်းကျော် လျာထားစိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယနေ့ထိသီးနှံစုံဧက နှစ်သောင်းခွဲကျော် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူများအား အသိပညာပေးခြင်းများ ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဂျိုရွာကျေးရွာ၊ ဂျိုရွာ စိုက်/​ထွေသမဝါယမအသင်းဥက္ကဋ္ဌ ဦး​ဇော်မျိုးထွန်း၏ ကွင်းအမှတ် (၅၇၀/ခ) ​ပေါက်အင်းကွင်းရှိ မိုးစပါးစိုက်ပျိုးဧက (၁၁)ဧက ကို မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်းရရှိ​ရေးအတွက် စတင်ပျိုးထောင်ချိန်မှစပြီး ရိတ်သိမ်းပြီးချိန်အထိ အဆင့်ဆင့် လုပ်ကိုင်​ဆောင်ရွက်ထားသည့် ​မြေပြင်အ​ခြေအ​နေမှန်နှင့် ဆက်လက်လုပ်ကိုင်​ဆောင်ရွက်ရမည့်အချက်များကို အမရပူရမြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမောင်မောင်လေးနှင့် ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

တံတားဦးခရိုင်/မြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် (၃၇)နှစ်မြောက် ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် တံတားဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ ပြည်သူ့ဆေးရုံရှိ သံဃာဆေးကုသဆောင်၌ ကျင်းပကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနမှ ကတ္တရာလမ်းခင်းလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု၊ တိုင်းဒေသကြီး၊ ငွေလုံးငွေရင်း၊ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေတို့ဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော အမှတ်(၄) ခရိုင်ပတ်လမ်း (မြင်းခြံကုန်း-ခံတက္ကုန်း-နှမ်းခင်း-ရွှေစေတီလမ်း) ဖြစ်သည့် လမ်းအရှည် (၁/၂.၈၃)မိုင် ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများအား မြစ်သားမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြည့်ရှု့ခဲ့ကြောင်း သိရသည်။

ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌသည် မင်းလှမြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် မွေးမြူရေးလုပ်ငန်းနှင့် MSME လုပ်ငန်း ပဲကြော်၊ ပဲလှော်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ တိုင်းဒေသကြီးနိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်ထားရှိသည့် မွေးမြူရေးလုပ်ငန်းနှင့် MSME လုပ်ငန်းလုပ်ကိုင်သည့် ဦးမြင့်ဌေး၏ သိန်းသန်းစံပဲကြော်၊ ပဲလှော်လုပ်ငန်းများ ဆောင်ရွက်နေမှုကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေက ကြည့်ရှုစစ်ဆေးခဲ့သည်။

သရက်မြို့၌ ပျားအုံများဖြင့် ဝတ်မှုန်ကူးခြင်း၏ အကျိုးရလဒ်များ ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပျားမွေးမြူမှု ဖွံ့ဖြိုးရေးဌာနခွဲ မကွေးတိုင်းဒေသကြီး တာဝန်ခံရုံး၏နေကြာသီးနှံအား ပျားအုံများဖြင့် ဝတ်မှုံကူးခြင်း၏ အကျိုးရလဒ်များဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက စိုက်ပျိုးရေး ပညာပေးရေးနှင့် ဒေသ ဖွံ့ဖြိုးရေး သင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ