နှစ် (၈၀) ပြည့်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်တန်းမြို့နယ်၌ သောက်သုံးရေလှူဒါန်း

ကျောက်တန်း မေ ၂

နှစ် (၈၀) ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ် သီတာမြိုင်ရပ်ကွပ် (ယခင်) ဂွေးပင်ကျေးရွာရှိ သောက်သုံးရေများလိုအပ်ချက်ရှိသည့် နေရာများသို့ ယနေ့နံနက်ပိုင်းက ရေလှူဒါန်းဆောင်ရွက်ခဲ့သည်၊၊

အဆိုပါ သောက်သုံးရေများရေလှူဒါန်းခြင်းအား ကျောက်တန်းမြို့နယ်၊သီလဝါနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းထွဋ်ဇော် ဦးဆောင်သည့်  သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ၀င်များမှ မီးသတ်ရေသယ်ယာဥ်တို့ဖြင့် သွားရောက်လှူဒါန်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်/ဆက်)