ကြံခင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရေနံတောင်ကျေးရွာဒေသခံပြည်သူ့များ နှင့်တွေ့ဆုံ

ကြံခင်း မေ ၂

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ​ရေနံတောင်ကျေးရွာအုပ်စုရှိ မြတ်စောညီနောင် ဓမ္မာရုံတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ ​ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ကျေးလက် ဒေသဖွံဖြိုးရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်များနှင့် တွေ့ဆုံခဲ့ကြသည်။

ဦးစွာ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မင်းထက်က အဖွင့်အမှာစကားပြောကြားပြီး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်မင်းဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် ဦးစိုးပိုင် [ကြံခင်းမြို့နယ်-မဲဆန္ဒနယ်အမှတ်(၁)] ၊ ဦးသိန်းလွင် [ဇလွန်မြို့နယ်-မဲဆန္ဒနယ်အမှတ် (၂)] တို့က နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အစိုးရ၏ ရက် ၁၀၀ စီမံချက်များ၊ လွှတ်တော်အတွေ့အကြုံများအား ထပ်ဆင့်ရှင်းလင်းပြောကြားကြပြီးနောက် ဒေသခံပြည်သူများ၏ ​သေဖွံ့​​​ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များအား မေးမြန်းဆွေးနွေးကြသည်။ ဆက်လက်၍ ဒေသခံပြည်သူ ဦးကျော်မင်းဦးက ရေနံတောင်-ကဒူးခုံ လမ်းတံတားတည်ဆောက်ရေးကိစ္စနှင့် ရေနံတောင် အနောက်ပိုင်းသွားလမ်းကမ်းပါးပြိုကျနေမှုအခြေအနေ၊ ညောင်းဝိုင်းကျေးရွာ ရေကန်တူးဖေါ်နိုင်ရေးတို့ကိုတင်​ပြခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်တွင် ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်းနှင့် ကျေးလက်လမ်းဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နီလာဦးက ယခုဘဏ္ဍာနှစ်တွင် လည်းကောင်းလုပ်ငန်းများအား မပါရှိသေးကြောင်း၊ လွှတ်တော်က အတည်ပြုလာပါက ဒေသခံပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးရန် ပြန်လည်ဆွေးနွေး ခဲ့ကြသည်။

အဆိုပါ တွေ့ဆုံပွတွင် ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကျေးလက်လမ်းဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး နှင့်ဝန်ထမ်းများ၊ ရပ်မိ/ရပ်ဖများ၊ ကျေးရွာနေပြည်သူများ စုစုပေါင်း ၅၀ ကျော်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)