နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး

နေပြည်တော် မေ ၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည်  နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဇမ္ဗူသီရိမြို့နယ် အမှတ် (၁၄၀) မူလွန် လက်ပံခါးလှကျောင်း၌ မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များနှင့် ဒေသခံပြည်သူများစုပါင်း၍ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား ကျောင်းဝန်းအတွင်းရှိ ရေဝပ်သောနေရာများတွင် ရေစီးရေလာကောင်းမွန်စေရေး၊ ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေး အမြဲဆောင်ရွက်သွားရန်မှာကြားခဲ့ပြီး ကျောင်းဖွံ့ဖြိုးတိုးတက် ရေးအတွက်အလှူငွေ၊ ကျောင်းစာကြည့်တိုက်အတွက် စာအုပ်စာစောင်များနှင့် သင်ထောက်ကူ ပစ္စည်းများ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့  ကံဦးကျေးရွာအုပ်စု၊ ရန်ကုန်-မန္တလေးလမ်းဟောင်းအတိုင်း ကြိုဆိုပါ၏ ဆိုင်းဘုတ်အထိ မြို့အဝင်လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ မင်္ဂလာရှမ်းကန် ရေလယ်ဘုရားသို့သွား ရောက်ဖူးမျှော်ခဲ့ပြီး အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ပြီး ရှမ်းကန်ပတ်လည် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားမှုများအား ကြည့်ရှုစစ်ဆေးပြီး ရှမ်းကန်ပတ်လည် သန့်ရှင်းသာယာလှပရေး အမြဲမပြတ်ဆောင်ရွက်သွားရန်၊ အများပြည်သူ အပန်းဖြေနေရာများ အမြဲမပြတ် ပြုပြင်ထိန်းသိမ်းခြင်းများ စနစ်တကျဆောင်ရွက် သွားရန်မှာကြားခဲ့သည်။

အလားတူ နေပြည်တော်တစ်ဝန်း ပတ်ဝန်းကျင်သန့်ရှင်းရေးသာယာလှပ‌စေရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျန်ရှိသည့် မြို့နယ်များတွင်လည်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ် စနေ့နေ့တိုင်း အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိ‌သည်။

ဆက်လက်၍ နေပြည်ဝောာ်ကာင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်းသည် တာဝန်ရှိသူများနှင့်အတူ ပျဉ်းမနားမြို့ ပန်းမြိုင်လယ်ဥယျာဉ်သို့ သွားရောက်ပြီး အများပြည်သူလာရောက်လည်ပတ် အပန်းဖြေနေရာများ ပြင်ဆင်ဆောင်ရွက် ထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ခဲ့ရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ်  ရာသီအလိုက် အလှပန်းပင်များနှင့် နှစ်ရှည်ပင်များ စိုက်ပျိုးကာ နွေ၊ မိုး၊ ဆောင်း သုံးရာသီပတ်လုံး စိမ်းလန်းစိုပြေစေရေး ဆောင်ရွက်သွားရန်၊ ဥယျာဉ်အတွင်း သန့်ရှင်း သာယာလှပ ရေးအမြဲမပြတ် ဆောင်ရွက်သွားရန်မှာကြားခဲ့သည်။

ပန်းမြိုင်လယ်ဥယျာဉ်သည် ပျဉ်းမနားမြို့ ရာဇဌာနီလမ်း၊ ဘောဂသီရိအဝေးပြေး ယာဉ်ရပ်နားစခန်းအနီးတည်ရှိပြီး နေ့စဉ် ‌‌‌‌‌‌‌‌‌‌နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ ဖွင့်လှစ် ထားရှိကာ အများပြည်သူများအနေဖြင့် ဥယျာဉ်အတွင်းရှိ နှစ်ရှည်ပင်များနှင့် ပန်းမျိုးစိတ် ၁၀၀ ကျော်စိုက်ပျိုးထားရှိပြီး အခမဲ့ ဝင်ရောက် အပန်းဖြေလေ့လာနိုင်ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)