နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မူကြိုကလေးများ၊ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ မူကြိုကလေးများ၊ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၈ နာရီအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းရှိ ဖူဆယ်အားကစားကွင်း၌ကျင်းပခဲ့ရာ နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ငုံဖူးဝေမြင့်နှင့်အဖွဲ့ဝင်များ၊ နတ်တလင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးမူကြိုကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ရင်သွေးငယ်များ၏ မိဘများ တက်ရောက်ခဲ့ကြသည်။