ကျောက်တန်း မေ ၆
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာ အုပ်စု၌ ကျင်းပပြုလုပ်သည့် မိုးစပါး မျိုးသန့် မျိုးပွား မျိုးစေ့၊ မျိုးစေ့ချ ကိရိယာ (Drum Seeder)၊ ပိုက်ဆံလျှော် မျိုးစေ့၊ သဘာဝမြေဩဇာများပေးအပ်ပွဲနှင့်၂၀၂၅ - ၂၀၂၆ ခုနှစ်၊ မျိုးစေ့ချ ကိရိယာ (Seeder) ဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃) နွေစပါး စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားကိုကျောက် တန်းမြို့နယ် ညောင်၀ိုင်းကျေးရွာအုပ်စု၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်က မိုးစပါးအတွက် စပါးမျိုးသန့် မျိုးပွား မျိုးစေ့ စိုက်ပျိုးမှုနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်ပြီး ကျောက်တန်းမြို့နယ်အတွင်းရှိ တောင်သူများအား မိုးစပါး အတွက် စပါး မျိုးသန့် မျိုးပွား မျိုးစေ့မျိုးစေ့ချ ကိရိယာ (Drum Seeder)၊ ပိုက်ဆံလျှော် မျိုးစေ့နှင့် သဘာဝမြေဩဇာများ ပေးအပ်ခြင်းကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမင်းမိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးမြင့်၊
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီး ဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင့်နိုင်၊ ရန်ကုန်တိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဦးတင်မောင်ကြည်၊ သန်လျင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ ဌဦးအောင်သိုက်ဝင်း၊ သန်လျင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအတွင်းရေးမှူး ရဲမှူးကြီးမြင့်ဌေး၊ သန်လျင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါက်တာ၀င်းသန်း သန်လျင်ခရိုင်၊ စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးနိုင်၊ ကျောက်တန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဘုန်းခန့်အောင် တို့မှအသီးသီးပေးအပ်ခဲ့ကြသည်။
ထို့နောက် ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ တောင်သူ ဦးဆန်းလင်း၏ လယ်မြေတွင် မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးသည့် (မှော်ဘီ - ၃) နွေစပါးစံကွက် ရိတ်သိမ်းခြင်းအား ကြည့်ရှုအားပေးခဲ့ကြရာ အစို ၁၁၄ .၂ တင်းအခြောက် ၁၁၂.၂တင်းထွက်ရှိကြောင်းသတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)