ငပုတော မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံကိန်းတွင် ပါဝင်သောကျေးရွာမြေများ မြေငှားဂရန် ပြုလုပ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများ ပူးပေါင်း၍ ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည့်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းကျော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး ဦးမင်းဇင်နိုင်နှင့် တာဝန်ရှိသူများက ငပုတောမြို့နယ် သက္ကယ်ချောင်းကျေးရွာ မြေငှားဂရန်ပြုလုပ်မည့် ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ မြေငှားဂရန်ပြုလုပ်ခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ မြေငှားဂရန်ပြုလုပ်ရမည့် လုပ်ငန်းအဆင့်ဆင့်များအကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာမြေငှားဂရန် ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ကူညီ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)