‎မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း၍ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်

မဟာအောင်မြေ မေ

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေးရုံးခွဲ)နှင့် မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက်(၁၀၀)စီမံချက်တွင်ပါဝင်သည့် တီဘီရောဂါ ရှာဖွေ ဖော်ထုတ်ကုသခြင်းလုပ်ငန်းများ မေလ ၅ ရက်နေ့ နံနက်ပိုင်းက စင်္ကြာနွယ်စဉ်ရပ်ကွက်၊ အ.မ.က(၆) ကျောင်း၌ ကွင်းဆင်း ဆောင်ရွက်သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိရပ်ကွက်များသို့ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း (ဗဟို-မန္တလေး ရုံးခွဲ)နှင့် မဟာအောင်မြေမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ရက်(၁၀၀)စီမံချက်တွင် ပါဝင်သည့် တီဘီရောဂါရှာဖွေ ဖော်ထုတ်ကုသခြင်းလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဇော်ဇော်အောင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီမံကိန်း(ဗဟို-မန္တလေးရုံးခွဲ)ဒေါက်တာအောင်ကျော်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများက မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ပြည်သူများအား တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ ၁၂၀ ဦးအား ကွင်းဆင်းကုသစစ်‌ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ တီဘီရောဂါ ရှာဖွေဖော်ထုတ်ကုသခြင်းလုပ်ငန်းများ ဆောင်ရွက်ရာသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာဇော်ဇော်အောင်နှင့်ကျန်းမာရေးဝန်ထမ်းများ၊ အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးစီးမံကိန်း (ဗဟို-မန္တလေးရုံးခွဲ) ဒေါက်တာအောင်ကျော်စိုးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ စင်္ကြာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မဟာနွယ်စဉ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းတို့မှ လိုအပ်သည်များ ပေါင်းစပ်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း