ဟင်္သာတမြို့နယ်တွင် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေး/ ခုန်/ ပစ်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ဟင်္သာတ  မေ  ၆

ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင်၊  ဟင်္သာတမြို၊ ဥယျာဉ်မြောက် ရပ်ကွက်၊ လမ်းမတော်လမ်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ယမန်နေ့က ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဟင်္သာတခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့၏ Pilot Project အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေး/ ခုန်/ ပစ်အားကစားသင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အားကစားသမားများ ကွင်းအတွင်းနေရာယူပြီးနောက် ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တာဝန်ရှိသူများမှ သင်တန်းသားများအား အားကစား အထောက်အကူပြု ပစ္စည်းများ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဋ္ဌေးဝင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးဟန်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အား/ကာမှူး ဒေါ်ဖြိုးစန္ဒာဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မိခင်ကလေးနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်နှင့်အဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စုစုပေါင်း(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)