ဗဟန်း မေ ၆
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်ရှိ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ် (သီတာခန်းမ)၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးအောင်နိုင်သူ တက်ရောက်၍ အမှာစကားပြောကြားသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊မီးသတ်ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှူးတို့က ထူးချွန်ဆုရ မီးသတ်တပ်ဖွဲ့ဝင်များအားဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်၊ လေ့ကျင့်ရေးသရုပ်ပြကွင်း၌ မီးငြှိမ်းသတ်ရေးစွမ်းရည်သရုပ်ပြသခြင်း၊ ရှာဖွေကယ်ဆယ်ရေးစွမ်းရည်များ သရုပ်ပြသခြင်းတို့ကို ကြည့်ရှုပြီး လိုအပ်သည်များမှာကြား၍ သရုပ်ပြသသည့် မီးသတ်တပ်ဖွဲ့ဝင်များအားဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးအောင်နိုင်သူ၊ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊လွှတ်တော်ဥက္ကဋ္ဌ၊လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူးနှင့်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့အသီးသီးတို့မှအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)