ကျောင်းကုန်းမြို့၌ သစ်စိမ်းမြေဩဇာ မျိုးစေ့ပေးအပ်ခြင်းနှင့် စုပေါင်းကြဲပက်ပွဲကျင်းပ

ကျောင်းကုန်း မေ ၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ မိုးပြာကျေးရွာအုပ်စု၊ တောင်သူ ဦးကျော်မင်းထွန်း၊ ကွင်းအမှတ် ၃၇၂၊ ဦးပိုင်အ မှတ်  ၈၅၊ စိုက်ဧက(၃.၀၀)ဧကတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ခြင်းနှင့် စု‌ပေါင်းကြဲပက်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကျင်းပပြုလုပ်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ဦးကိုကိုဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေးနှင့် ဝန်ထမ်းများ၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိုင်းရှိန်းလင်းထွန်းနှင့် ဝန်ထမ်းများ၊ ဒေသခံတောင်သူများက စုပေါင်းကြဲပက်ခဲ့ကြ‌ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)