ကျုံပျော် မေ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများနှင့် မြို့မိ မြို့ဖများ တွေ့ဆုံဆွေးနွေးပွဲကို ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် ဧရာမင်းခန်းမ၌ ယမန်နေ့က ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ကျုံပျော်မြို့သည် ခရိုင်အဆင့်ရုံးစိုက်ရာ မြို့ဖြစ်သည်နှင့်အညီ ပိုမိုဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ကြောင်း၊ မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်စေလိုကြောင်း၊ မြို့ရွာဖွံ့ဖြိုးရေးအတွက် တက်ရောက်လာသူများအားလုံးဝိုင်းဝန်း အကြံပြုဆွေးနွေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရန်နိုင်ဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များမှ တစ်ဦးချင်းမိတ်ဆက် စကားပြောကြားပြီး၊ တက်ရောက်လာသူများအနေဖြင့် တင်ပြလိုသည်များ ပွင့်ပွင့်လင်းလင်းဆွေးနွေးပေးရန် ဆွေးနွေးပြောကြားသည်။
ယင်းနောက် တက်ရောက်လာသည့် မြို့မိ မြို့ဖများမှ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးမေးမြန်းရာ သက်ဆိုင်ရာဌာနများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ မြို့ဖများနှင့် လုပ်ငန်းရှင်များ၊ မြို့ပေါ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ အသီးသီး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)