အမြို့မြို့အနယ်နယ်သတင်းများ

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲ တက်ရောက်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ တက်ရောက်သည်။

စဉ့်ကိုင်မြို့နယ်၌ နွေသီးနှံစိုက် တောင်သူများအား ယူရီးယားဓာတ်မြေဩဇာများ စုပေါင်းရောင်းချ

မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့စီမံမှုဖြင့် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ နွေသီးနှံစိုက် တောင်သူများအား မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေး လုပ်ငန်းရှင်များအသင်းမှ ဖြန့်ဝေရောင်းချသည့် ယူရီးယားဓါတ်မြေဩဇာများ စုပေါင်းရောင်းချပွဲ အခမ်းအနားကို မေ ၄ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အ‌စည်းအဝေးခန်းမ၌ ကျင်းပရာ စဉ့်ကိုင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းနိုင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဇော်မင်းဦး၊ ကျောက်ဆည်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးစံအောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်နှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဝင်များနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ အလုံမြို့နယ်၌ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက စောရန်ပိုင်အနောက်ရပ်ကွက်၊ အ.မ.က(၁၁) အခြေခံပညာမူလတန်းကျောင်းတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဇော်နိုင်ဦး လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ်(၁၃/၂၀၂၆) သင်တန်းဖွင့်ပွဲ တက်ရောက်

နယ်စပ်ဒေသတိုင်းရင်း သားလူငယ်များစက်မှုလက်မှုပညာသင်တန်းကျောင်း(ထားဝယ်)၏ လျှပ်စစ်နှင့်ဂဟေသင်တန်းအမှတ်စဉ် (၁၃/၂၀၂၆)သင်တန်းဖွင့်ပွဲကို မေ ၄ ရက် နံနက် ၉ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊  စက်မှုလက်မှုပညာသင်တန်းကျောင်းခန်းမ၌ကျင်းပသည်။

ကော့ကရိတ်မြို့တွင် ပြည်သူများ၏ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မြှင့်တင်ဆောင်ရွက် 

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပြန်လည်ထူထောင်ရေး ပြည်သူများ၏ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ကျန်းမာရေးစောင့်ရှောက်မှုများ အလေးထားဆောင်ရွက်နိုင်စေရေးအတွက် မေ ၃ရက်တွင် ကရင်ပြည်နယ်၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးယဉ်က ကော့ကရိတ်မြို့တွင်းရှိ တိုင်းရင်းဆေးကုဌာန၏ ရုံးအဆောက်အဦ အခြေအနေများ၊ လူနာများ၏ ကျန်းမာရေးဆေးကုသနေမှုများအား မြေမြင်အမှန်သိရှိနိုင်ရန် ကွင်းဆင်း ဆောင်ရွက်သည်။

သန်လျင်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာနေပြည်သူများ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် UID ကောက်ယူခြင်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သန်လျင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇွဲမင်းဦးနှင့်ဝန်ထမ်းများက  ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အသက် (၁၀)နှစ်မှ (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသေးသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင်ပြီး UID (Unique Identification Number) မကောက်ယူရသေးသည့် ပြည်သူများအား မြေပြင်ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက ဘုရားကုန်းကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာနေ ပြည်သူများအား ကွင်းဆင်းစိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

စေတုတ္တရာမြို့နယ်တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုရားသုံးဆူဆုတောင်းပြည့်စေတီတော်အား သန့်ရှင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စေတုတ္တရာမြို့နယ်တွင် ဘုရားစေတီဖြစ်သော နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များမှ မြောက်ခေတ္တရာရက်ကွက်အတွင်း တည်ထားကိုယ်ကွယ်လျက်ရှိသော ဘုရားသုံးဆူဆုတောင်းပြည့်စေတီတော်အား သန့်ရှင်းရေးဆောင်ရွက်ခဲ့သည်။

ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်(၈) အချိန်ကစတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀)ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(မိုင်းဆတ်)၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ် (၁၀)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ