ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန် ဆီဆိုင်မြို့နယ် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲ တက်ရောက်

ဆီဆိုင် မေ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(ဆိုက်ခေါင်)တွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်() သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ပါလောပါကယ်ကျေးရွာအုပ်စု၊ ဆိုက်ခေါင် စံပြကျေးရွာရှိ အဆိုပါသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်နှင့်အဖွဲ့ဝင်များ  တက်ရောက်သည်။

အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားရာတွင် ယခုလိုအိမ်တွင်းမှုသင်တန်းများ ဖွင့်လှစ်ပေးထားခြင်းဖြင့် နယ်စပ်ဒေသနှင့် မြေပြန့်ဒေသရှိ အမျိုးသမီးများအနေနဲ့ ကိုယ်ပိုင်ယဉ်ကျေးမှုများ၊ ကိုယ်ပိုင်ဝတ်စားဆင်ယင်မှုများ၊ ကိုယ်ပိုင်လက်မှုအတတ်ပညာများဖြင့် မိမိဘဝ၊ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို လက်တွေ့ကျကျ ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ သင်တန်းသူများအတွက် နေထိုင်ရေး၊ စာသောက်ရေး၊ ပညာသင်ကြားရေး အစစအရာရာ အကုန်ကျခံပြီးသင်ကြားပေးနေသည်ဖြစ်၍  သင်တန်းသူများအနေဖြင့် သင်တန်းကျောင်းမှ အသက်မွေးဝမ်းကျောင်းပညာနဲ့ ဗဟုသုတများကို ထူးထူးချွန်ချွန်တတ်မြာက်အောင်လေ့လာသင်ယူကြပြီး လက်တွေ့နယ်ပယ်မှာအကျိုးရှိရှိအသုံးချကြစေလိုကြောင်းပြောကြားသည်။ ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ဆိုက်ခေါင်) ကျောင်းအုပ်  ဒေါ်ခင်စန်းဝင်းက သင်တန်းနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် သင်တန်းကျောင်းမှ ခင်းကျင်းပြသထားသည့် သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများကိုကြည့်ရှုခဲ့ကြပြီး သင်တန်းသူများနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားသည်။ အဆိုပါ သင်တန်းတွင် သင်တန်းသူ (၃၀)ဦး တက်ရောက်ကြပြီးသင်သန်းကာလမှာ မေလ ၄ ရက်နေ့မှ အောက်တိုဘာလ ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ စာတွေ့လက်တွေ့ အခမဲ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြာင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)