အမြို့မြို့အနယ်နယ်သတင်းများ

မဟာအောင်မြေမြို့နယ် အမှတ်(၂)မူလတန်းကြိုကျောင်း ပြန်လည်ဖွင့်လှစ်၊ ယာယီစာသင်ဆောင်အသစ် လွှဲပြောင်းပေးအပ်

‎မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၂)မူလတန်းကြိုကျောင်း၌ ကျောင်းပြန်လည်ဖွင့်လှစ်ခြင်းနှင့် ယာယီစာသင်ဆောင်အသစ် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

ပြင်ဦးလွင်မြို့နယ်၌ လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ အခမ်းအနားကို ယနေ့နံနက်၁၀နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ကမမောင်းမြို့၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ်ပေး

ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့ အမှတ်(၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌  လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် ဝန်ထမ်းများက ရပ်ကွက်(၄)အတွင်းရှိ ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ အသစ်​ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊ အသက်(၁၀)နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ပေးသည်။

ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ယမန်နေ့နံနက်၈နာရီခွဲအချိန်က အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၁၂) သင်တန်း ဖွင့်ပွဲကျင်းပပြုလုပ်သည်။

မြစ်သားမြို့နယ် ကူမဲမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လျှပ်စစ်မီးတိုင်များကျိုးပဲ့ပျက်စီးမှုများ ပြုပြင်ဆောင်ရွက်ပြီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သား မြို့နယ်၊ ကူမဲမြို့အတွင်း မေ ၃ ရက် ညနေ ၅ နာရီခွဲ အချိန်က မိုးသည်းထန်စွာရွာသွန်းပြီးလေပြင်းတိုက် ခိုက်မှုကြောင့် 33/11 KV, (10+5)MVA ကူမဲဓာတ် အားခွဲရုံ၏ 11kV ၅၀၀၂ ဖီဒါမှ ဓာတ်အားဖြန့်ဖြူးပေးထားသော အောင်ချမ်းသာကျေးရွာအနီး ၁၁ကေဗွီ ဓာတ်အားလိုင်းရှိ တစ်တိုင်စင် (၇)စင် နှင့် နှစ်တိုင်စင်တစ်စင် စုစုပေါင်း 10M ကွန်ကရစ်တိုင် ၉ တိုင် ကျိုးပဲ့ပျက်စီးမှုများကို ယနေ့နံနက်ပိုင်းတွင် ပြုပြင်ဆောင်ရွက်ပြီးကြောင်းသိရသည်။

ကျောက်မဲမြို့နယ်၌ သီးနှံအထွက်နှုန်းတိုးတက်ရေးအတွက် သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်နှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိစေရန်ရည်ရွယ်၍ သဘာဝမြေဆွေးပြုလုပ်နည်း လက်တွေ့သရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျောက်မဲမြို့နယ် စခန်းသာကျေးရွာ တောင်သူဦးတင်ဌေး၏ စိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်သည်။

ဂန့်ဂေါမြို့၌ နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမိုင်းဝင်ရွှေပြည်ဆိပ်ဦးစေတီတော်မြတ်ကြီးတွင် ရေသပ္ပာယ်ကုသိုလ်ပြု

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မြောက်ကုန်းရပ်ကွက်ရှိ သမိုင်းဝင်ရွှေပြည်ဆိပ်ဦးစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးများဆောင်ရွက်ခြင်းနှင့် စေတီတော်များအား ရေသပ္ပာယ်ခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက ဆရာတော်သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်

နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့အထိမ်းအမှတ် သာစည်မြို့နယ်မီးသတ်ဦးစီးဌာနက မြို့ပေါ်ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှ ဆရာတော်သံဃာတော်ငါးပါးတို့အား နေ့ဆွမ်း၊ ဘောဇဉ်နှင့် လှူဖွယ်ဝတ္ထုများ ဆပ်ကပ်ပြီး ပရိတ်တရားတော်များနာယူခြင်းကို မေ ၄ ရက် နံနက် ၁၀ နာရီက အဆိုပါဦးစီးဌာန၌ ပြုလုပ်သည်။

ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၌ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြို့တွင် ကလေးငယ်များအား ကူးစက်ရောဂါများမှ ကာကွယ်နိုင်ရန် ယနေ့နံနက် ၉ နာရီက လစဉ်ပုံမှန် ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနအစည်းအဝေးခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ