အမြို့မြို့အနယ်နယ်သတင်းများ

တိုင်းဒေသကြီးသမဝါယမဦးစီးဌာနမှ ခေါင်းဆေးကျွန်းကျေးရွာနှင့်ရွာသာ လက္ခုပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှအသင်းသားတောင်သူများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် မေလ ၂ ရက်နေ့က ဟင်္သာတမြို့နယ်ရှိ ခေါင်းဆေး ကျွန်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအား အသင်းပိုင် ကိုင်းမြေဧက ၆၃.၅ မှ မြေပဲ၊ ပဲပုပ်နှင့်စားဖိုဆောင်သီးနှံများ တိုးမြှင့် ထုတ်လုပ်နိင်ရေး၊ အသင်းသားတောင်များ၏ မျိုးနှင့် သွင်းအားစုလိုအပ်ချက်များ ပံပိုးနိုင်ရေး စာရင်းပြုစုညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေး ခဲ့ကြသည်။

မြိတ်မြို့တွင် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၁၂)သင်တန်း ဖွင့်လှစ်

နယ်စပ်ရေးရာဝန်ကြီးဌာန ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန မြိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် နယ်စပ်ဒေသရှိ တိုင်းရင်းသူလေးများ၏ လူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝမြှင့်တင်နိုင်စေရေး၊ စီးပွားရေးအထောက်အကူပြုအတတ်ပညာများဖြင့် အသက် မွေးဝမ်းကျောင်းပြုပြီး မိသားစုဘဝတိုးတက်မြင့်မားစေရေးအတွက် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၁၂) သင်တန်းကို ယနေ့နံနက်ပိုင်းက အဆိုပါ သင်တန်းကျောင်းတွင် ဖွင့်လှစ်သည်။

အိမ်မဲမြို့နယ်ပုလဲချောင်ကျေးရွာအုပ်စုတွင်နိုင်ငံတော် အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ  ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပုလဲချောင်ကျေးရွာအုပ်စုတွင်နိုင်ငံတော် အစိုးရသစ်၏ ရက် (၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက် ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ယမန်နေ့နံနက်ပိုင်းတွင်ဆက်လက် ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်းသိရသည်။

သံတောင်ကြီးမြို့နယ်တွင် ရာသီပေါ်သီးနှံဖြစ်သည့် လိုင်ချီးသီးများဈေးနှုန်းအနည်းငယ်ကျဆင်း

ကရင်ပြည်နယ်  သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသမြို့ဖြစ်ပြီး ဒေသခံပြည်သူများမှာ အများအားဖြင့် နှစ်ရှည်ပင်ဖြစ်သည့် ရော်ဘာ၊ ကော်ဖီ၊ လက်ဖက်၊ ဒူးရင်း၊ ဒညင်း၊ ဖာလာပင်၊ ကွမ်းသီး၊ လိုင်ချီးစသည့်နှစ်ရှည်ပင်များကို တစ်ပိုင်တစ်နိုင်အသက်မွေးဝမ်းမှုအဖြင့် အဓိက စိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ ဧပြီလတတိယပတ်တွင် ပေါ်ဦးပေါ်ဖျားလိုင်ချီးသီးများ စျေးကောင်းရရှိသော်လည်း ယခုဧပြီလပထမပတ်တွင် လိုင်ချီးသီးများစျေးနှုန်းအနည်းငယ် ကျဆင်းလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ဆိုင်ရာအတွေ့အကြုံများရှင်းလင်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်ကျောက်ပန်တောင်းမြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများတွေ့ဆုံ၍ တတိယအကြိမ် လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများ ရှင်းလင်းခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မည့်အခြေအနေများ ညှိနှိုင်းဆွေးနွေးခြင်းကို မေ ၄ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး စကားဝါမြေခန်းမတွင် ပြုလုပ်သည်။

မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့်   နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများ နေ့ချင်းပြီးဆောင်ရွက် 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID Biometric ကောက်ယူခြင်းလုပ်ငန်းများကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် မေ ၄ ရက် နံနက် ၁၀ နာရီက  နေ့ချင်းပြီးဆောင်ရွက်ကြောင်း သိရသည်။

မြောင်းမြတွင် ရက်( ၁၀၀) စီမံချက်ဖြင့်နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးလျက်ရှိ

 ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးလျက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တာဝန်ရှိသူများနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းတွင် ကွမ်းခြံကျေးရွာ အုပ်စု၌ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ဝမ်းတွင်းမြို့နယ်တွင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှရက်(၁၀၀)စီမံချက်ဖြင့်  ကျွဲနွားကာကွယ်ဆေးထိုးနှံပေး 

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်၊၌ ရက်(၁၀၀)စီမံချက်ဖြင့် ကျွဲ၊နွားများတွင် အဖြစ်များတတ်သော ကျွဲနွားခွာနာလျှာနာရောဂါကာကွယ်ဆေးထိုးနှံခြင်းနှင့် အသိပညာပေးဟောပြောခြင်းများကို ယနေ့နံနက်ပိုင်းက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့၌ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၉) ဖွင့်ပွဲအခမ်းအနားကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ကော့သောင်းမြို့၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းအဆင့်မြင့်အိမ်တွင်းမှု စက်ချုပ် သင်တန်းအမှတ်စဉ်(၉) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီ၌ သင်တန်းကျောင်းခန်းမတွင် ကျင်းပသည်။

သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် ကျောင်းတွင်းစစ်ပြင်ပဖြေ စာမေးပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်တွင် ၂၀၂၅-၂၀၂၆ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် ပြင်ပဖြေစာမေးပွဲကို သပိတ်ကျင်းမြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့တွင် ယနေ့နံနက် ၉နာရီမှစတင်၍ မြန်မာစာဘာသာရပ်ကို ဖြေဆိုနေပြီဖြစ်ကြောင်းသိရသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ