ဟင်္သာတ မေ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူး ဦးကျော်စိုးမင်းနှင့် တာဝန်ရှိသူများသည် မေလ ၂ ရက်နေ့က ဟင်္သာတမြို့နယ်ရှိ ခေါင်းဆေး ကျွန်းစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းသား တောင်သူများအား အသင်းပိုင် ကိုင်းမြေဧက ၆၃.၅ မှ မြေပဲ၊ ပဲပုပ်နှင့်စားဖိုဆောင်သီးနှံများ တိုးမြှင့် ထုတ်လုပ်နိင်ရေး၊ အသင်းသားတောင်များ၏ မျိုးနှင့် သွင်းအားစုလိုအပ်ချက်များ ပံပိုးနိုင်ရေး စာရင်းပြုစုညှိနှိုင်းဆွေးနွေးဆောင်ရွက်ပေး ခဲ့ကြသည်။
ဆက်လက်၍ ရွာသာလက္ခုပင်ကျေးရွာရှိ ရွာသာလက္ခုပင်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းမှ အသင်းသားတောင်သူများနှင့် တွေ့ဆုံပြီး မိုးစပါးအချိန်မှီ စိုက်ပျိုးနိုင်ရေး မျိုးကောင်းမျိုးသန့် အသုံးပြုနိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးပြောကြားခဲ့ပြီး ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ လူမှုစီးပွား(သက်တန့်ရောင်) စီမံကိန်း ဆောင်ရွက်မည့် အသင်းသား(၇)ဦးတို့၏ လယ်ဧက (၅၀)အတွက်(၁)ဧကလျှင်(၀.၂၈၈)သန်းတန်ဖိုးရှိ မျိုးနှင့် သွင်းအားစုဖိုး အတွက် ပံ့ပိုးစရိတ်(၁၄.၄)သန်းတန်ဖိုးတို့အား မိုးစပါးအချိန်မှီ စိုက်ပျိုးချိန်တွင် ပံ့ပိုး ကူညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)