နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

ကျောက်ဆည် မေ ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်နှင့်တပ်ဖွဲ့ဝင်များက နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့နံနက် ၈ နာရီက ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူရာ၌ သန္ဓေတပ်ဖွဲ့ဝင် ၂၀၊ မိသားစုဝင်တစ်ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ရာ ခရိုင်မီးသတ်ဦးစီးမှူး၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ဇင်သန်းဝေတို့က သွေးလှူဒါန်းသူများအား အားဖြည့်အချိုရည်နှင့် အာဟာရများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

သက်မောင်(ကျောက်ဆည်)