နေပြည်တော်တွင် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ၌ စောင်းအတီးပြိုင်ပွဲ ဒုတိယနေ့ ယှဉ်ပြိုင်ကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးအား မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ Signing Room ၊ Banquet Hall ၊ Plenary Hall ၊ News Briefing Room ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၊ လေ့ကျင့်ရေးဇာတ်ရုံ၊ နေပြည်တော် အမျိုးသားစာကြည့်တိုက်ခန်းမ၊ နေပြည်တော်အမျိုးသားပြတိုက်၊ နေပြည်တော် စည်ပင်သာယာကော်မတီ လေဟာပြင်ဇာတ်ရုံတို့တွင် ကျင်းပလျက်ရှိရာ စောင်းအတီးပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမျိုးသားပြတိုက်ခန်းမတွင် ကျင်းပခဲ့သည်။