မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာ‌ရေးဆရာများဖြင့် (၉၀)ကြိမ်မြောက် စာဖတ်ဝိုင်း ကျင်းပ

 မုံရွာ အောက်တိုဘာ ၁၂

 မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များဖွံ့ဖြိုးတိုး‌တက်‌ရေး၊ ပြည်သူများ စာဖတ်ရှိန်မြင့်မားရေးလုပ်ငန်းများကို စဥ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ စာရေးသူ ခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ဖြင့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)နှင့် မြို့နယ်စာ‌ရေးဆရာများဖြင့် (၉၀) ကြိမ်မြောက်  စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 ဦးစွာ မုံရွာမြို့နယ်စာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဦးစိန်လွင်(မောင်စိန်လွင်-မင်းကင်း)က အဖွင့်အမှာစကားပြောကြားပြီးနောက် မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက  စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကာ ဦးဆောင်ဆွေးနွေးခဲ့ပြီးနောက် တက်ရောက်လာကြသည့် စာအုပ်၊ စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များနှင့်အတူ "စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ"  စာအုပ်ပါ ဆောင်းပါးများမှ နှစ်သက်ရာခေါင်းစဉ်တို့ကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်တွင် ဆောင်းပါးပုဒ်ရေ ၃၈ ပုဒ်ပါဝင်ပြီး စာဖတ်ဝိုင်းများကျင်းပပြုလုပ်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးချုပ်မှ ဖြန့်ဝေပေးပို့ထားခြင်းဖြစ်ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)