ကန့်ဘလူမြို့ လူထုအခြေပြုဗဟိုဌာန၌ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ပြည်သူများ ငှက်ဖျားရောဂါအန္တရာယ်မှ ကင်းဝေးစေရန် ရည်ရွယ်၍ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။