ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

ဒိုက်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး (Talk Show) ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးဌာနနှင့် ဒိုက်ဦးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူရေးရာဦးစီးဌာနမှ အသိပညာပေး (Talk Show) ကျင်းပ ပြုလုပ်ခြင်းကို ယနေ့ နံနက်ပိုင်း (၁၀)နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဗဟန်းမြို့ (Community Centre) ၌ ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်း အစည်းအ​ဝေးကျင်းပ

ရန်ကုန်တိုင်း​ဒေသကြီး၊ ရန်ကုန်အ​နောက်ပိုင်းခရိုင်(ဗဟန်း)၊ လူထုအ​ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယမန်နေ့၊ မွန်းလွဲ ၁ နာရီက ဗဟန်းမြို့နယ် ကြက်​ခြေနီအသင်းခွဲ မြို့နယ်အဆင့်အမှု​ဆောင်များ ၂၀၂၁​ ခုနှစ်၊ ငွေစာရင်းရှင်းတမ်းနှင့်​ ရှေ့လုပ်ငန်းစဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအ​ဝေး ကျင်းပပြုလုပ်ခဲ့သည်။

စမ်းချောင်းမြို့နယ်၌ အသည်းရောင် အသားဝါရောဂါအကြောင်း အသိပညာပေး Tallk Show ကျင်းပပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသည်းရောင်အသားဝါရောဂါအကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဝေါမြို့နယ်တွင် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် အလကခွဲ အေးချမ်းသာယာကျောင်းသို့ စာငှားဝန်ဆောင်မှုဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမျိုးလွင်နှင့် ဝန်ထမ်းများ စာအုပ်စာပေများကို အလွယ်တကူ ဖတ်ရှု နိုင်စေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရေးအတွက် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာငှားဝန်ဆောင်မှုပေးခြင်းကို ယနေ့မွန်လွဲပိုင်းက အေးချမ်းသာယာရပ်ကွက် အခြေခံပညာ အလယ်တန်းခွဲကျောင်းသို့ စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးခဲ့သည်။

Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ငှားရမ်းပေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ Mobile Library စနစ်ဖြင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေး စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့ မွန်းတည့် (၁၂:၀၀)နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre တွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဝါသနာတူ ကလပ်အသင်းများ ပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်

ပြည်သူများ စာပေကိုမြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စာပေ၏တန်ဖိုးကို နားလည်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ်ဗဟုသုတများရရှိလာစေရန်၊ အမှားအမှန် ဝေဖန်ပိုင်ခြားနိုင်စေရန်နှင့် အပြန်အလှန် ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်၍  ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် ၉ နာရီက ဝါသနာတူ ကလပ်အသင်းများ စုစည်းပြီး စာရေးသူ မြင်းခြံကျော်အောင်(ခ)သန်းထက်စံ ရေးသားထားသည့် “ကြီးပွားအောင်မြင် အောင်ပန်းကိုဆင် ” စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးငယ်များအား အသိပညာ ဗဟုသုတရရှိစေရေး၊ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အ.မ.က(မူလွန်)သောင်းတိုင် ကုန်းနှင့် အ.မ.က(မူလွန်)သစ်တောကျောင်းများသို့ ယနေ့နံနက် ၉ နာရီခွဲအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

အလုံမြို့နယ် အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းသို့ ​ရွေ့လျားစာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွင်းဆင်းငှားရမ်း​ပေး

ကျောင်းသား၊ လူငယ်များ စာ​​ပေနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာဖတ်သည့် အ​လေ့အထများရရှိ​စေရန်နှင့် အသိပညာဗဟုသုတများ ရရှိ​စေရန်အတွက် ရည်ရွယ်ကာ ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ အလုံမြို့နယ်ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနမှဝန်ထမ်းများသည် ယ​နေ့နံနက် ၁၀ နာရီအချိန်က အလုံမြို့နယ်အမှတ်(၄)အ​ခြေခံပညာမူလတန်း​ကျောင်းတွင် ​ရွေ့လျား စာကြည့်တိုက်ဖြင့် စာအုပ်၊ စာ​စောင်များ ကွက်းဆင်းငှားရမ်း​ပေးခဲ့​ကြောင်း သိရသည်။

ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀) နာရီက စာရေးဆရာ အောင်ဆွေထက် (ချွေးမြို့တော်)ရေးသားသည့် “တစ်ခါတုန်းကနေပြည်တော်မှာ” ဆောင်းပါးဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ