တိုက်ကြီး ဇူလိုင် ၃၀
ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ပြည်သူများ နေအိမ်မှ ပြင်ပသို့ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း (Mask)တပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign ကို ယနေ့နံနက် ၈ နာရီက ရန်ကုန် - ပြည်လမ်း ဘူတာရပ်ကွက်၊ အမှတ် (၁၀၁) သစ်စက်ရှေ့၌ ပြုလုပ်သည်။
အဆိုပါ Mask Campaign ကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြဝင်းနှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်စိုး ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမျိုးထိုက်ဝင်းနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြိုနယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက ရန်ကုန် - ပြည် ကားလမ်းပေါ်တွင် ဖြတ်သန်းသွားလာနေသာ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နေအိမ်မှ ပြင်ပသို့ ထွက်ခွာတိုင်း ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်း၊ ပါးစပ်/ နှာခေါင်းစည်း Mask တပ်ဆင်ခြင်းမရှိသူများကို ပါးစပ်/ နှာခေါင်းစည်း Mask (၂၀၀၀)ခုအား အခမဲ့ ဖြန့်ဝေပေးသည်။
တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာနေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကွင်းဆင်း ထိုးနှံပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေး ပါးစပ်/နှာခေါင်းစည်း Mask များကို စနစ်တကျတပ်ဆင်သွားလာရေး အသိပညာပေးခြင်းတို့ကို တာဝန်ရှိသူများက အရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စန်းကလျာခိုင်(ပြန်/ဆက်)