(၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲများ တွံတေးမြို့နယ်၌ ကျင်းပပြုလုပ်
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ပွဲ၊ နံရံကပ် စာစောင်ပြပွဲ၊ စာအုပ်ပြပွဲ များကို ယမန်နေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။