ပွင့်ဖြူမြို့နယ်၌ တစ်ပိုင်တစ်နိုင် နဂါးမောက်သီးစိုက်ပျိုးကြသူများ အောင်မြင်ဖြစ်ထွန်း၍ မိသားစု အပိုဝင်ငွေရရှိ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ဥယျာဉ်ခြံမြေများနှင့် နေအိမ်ဝိုင်းများအတွင်း မြေကွက်လပ်များတွင် တစ်ပိုင်တစ်နိုင် နဂါးမောက်သီးနှံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြသူများ ဖြစ်ထွန်းအောင်မြင်ပြီး မိသားစု အပိုဝင်ငွေရရှိကာ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံက သိရသည်။