အိမ်မဲမြို့နယ်တွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်​ပြပွဲပြသ

အိမ်မဲ ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန Community Centre ခန်းမတွင် အရွယ်မရောက်သေးသူကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှကာ ကွယ်တားဆီးထိန်းသိမ်းရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ယမန်နေ့ညနေပိုင်းက ပြသခဲ့သည်။

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် ထိန်းသိမ်းကြီးကြပ်မှု၊ ကြိုတင်ကာကွယ်မှု၊ အသိ ပညာတိုးမြှင့်ပေးခြင်း/သင်တန်းများပေးခြင်း၊ အဓမ္မခိုင်းစေမှုဆိုသည်မှာ၊ ပြဿနာအားကုစားမှုပေးခြင်း၊ အသက်ရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်မှုထမ်းစေခြင်းနှင့်စပ်လျဥ်း၍ အစရှိသည့်အသိပညာရရှိစေမည့် နံရံကပ်စာစောင်များ၊ အသိပညာပေးဓာတ်ပုံများနှင့် သုတ၊ ရသရရှိစေမည့် စာအုပ်စာစောင်များကို ပြသထားရှိရာ အ.မ.က မြို့မ-၂ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသား မိဘများကစိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့သည်။

ချစ်သက်လယ်

အိမ်မဲ (ပြန်/ဆက်)