ပြည်မြို့ လူထုအခြေပြုဗဟိုဌာန၌ “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လူငယ်အသိပညာပေးသင်တန်း” ဖွင့်လှစ်
ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော “ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လူငယ်အသိပညာပေးသင်တန်း”ကို ဩဂုတ်လ ၁၇ ရက်နေ့ မွန်းလွဲပိုင်းက ပြည်ခရိုင်လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဖွင့်လှစ်ခဲ့ရာ ပြည်မြို့၊ အောင်မြေသာမူလတန်းလွန်ကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅)ဦး တက်ရောက်သည်။